မြောင်းမြမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး

မြောင်းမြ  ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက မြောင်းမြမြို့ခရိုင်စိုက်ပျိုး​ ရေးဦးစီးဌာနနှင့် သမဝါယမဦးစီး ဌာနများ၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုရာတွင် အဆင်ပြေ စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များ ကို ယူဆောင်ပြီး စာကြည့်တိုက်သို့မလာ​ရောက်နိုင်သည့် ဝန်ထမ်းများအတွက်သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို အပတ်စဉ် ပုံ မှန် ပြုလုပ် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း နှင့် စာကြည့်တိုက်အသင်းဝင်ကတ်များကိုလည်းအခမဲ့​ ဆောင်ရွက်ပေးသွားမည် သိရပါသည်။

စန္ဒာကြည်