မြောင်းမြခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ     ဒီဇင်ဘာ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင် အခန်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြောင်းမြခရိုင် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံကိန်းဦးစီးမှူးမှ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

အစည်းအဝေးသို့ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများတွင် ပါဝင်သော ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင့် ဆောင်ရွက်ရန်တင်ပြထားသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး စသည်ဖြင့် လုပ်ငန်းစီမံကိန်းများခွဲခြား၍ ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)