အိမ်မဲမြို့နယ် Community Centre ခန်းမ၌ Physical Fitness Dance ပြိုင်ပွဲကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance ပြိုင်ပွဲကို Community Centre ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၆)ဦးပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/သူများကို မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးလွှမ်းသီဟနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ ကျောင်းသား/သူများ ကျန်းမာကြံခိုင်စေရန်၊ ပေါ့ပါးသွက်လက်စေရန် အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ Fitness Dance အကကို သင်ကြားပြသပေးလျက်ရှိပါတယ်။  အခုက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ပူးပေါင်းကာ ပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများမှာလည်း မြို့နယ် အား/ကာဦးစီးဌာနအနေနဲ့ သွားရောက်ပြီး Fitness Dance အကများ ကိုသင်ကြားပေးလျက်ရှိပါတယ်လို့” မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး (မြို့နယ်တာဝန်ခံ) ဒေါ်အိအိမျိုး၏ ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်