ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဝါးခယ်မ    ဒီဇင်ဘာ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီ က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမောင်မင်းစိုး၏ လူငယ်နှင့်အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ရီရီလွင်က ပြည်သူများ၊ လူငယ်များ စာပေဖတ်ရှုမှုအား ကောင်းစေရန် အသိပညာ ဗဟုသုတတိုးပွားစေရန် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် မှန်ကန်သောအတွေး အခေါ်များရှိစေရန် ရည်ရွက်ချက်ဖြင့် စာဖတ်ဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ Woman Club ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်မှပေးသော လက်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးပြီး တက်ရောက်လာသူများက လူငယ်နဲ့အပြောင်းအလဲ စာအုပ်ပါ ခေါင်းစဉ်များကို အပြန်အလှန် ဆွေနွေးကြပြီး အမြင်ခြင်းဖလှယ်ခဲ့ကြ ကြောင်းသိရသည်။

ရီရီလွင် (ပြန်/ဆက်)