မြောင်းမြမြို့နယ်၊ အိမ်တလုံးကျေးရွာအုပ်စုနှင့်ကဒတ်ကွင်း ကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်း​မြ မြို့ ဒီဇင်ဘာ ၆

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့ နံနက်၉ နာရီ ​ က မြောင်းမြ​မြို့နယ် အိမ်တလုံးကျေးရွာအုပ်စုနှင့် ကဒတ်ကွင်းကျေးရွာ အုပ်စုအတွင်းရှိပြည်သူများအား ​အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မှ ဒု-လဝကမှူး ဒေါ်နန့်ခင်​ထွေးရင် နှင့်ဝန်ထမ်းများက​ အိမ်တလုံးကျေးရွာအတွင်းရှိ  ပြည်သူများမှ အသက် (၁၆)နှစ်အောက် (၁၁)ဦး ၊အသက် (၁၆-၁၈) နှစ် (၃) ဦး၊အသက် (၁၈)နှစ်အထက်(၂)၊တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၅)  ၊မိတ္တူ(၂၅) စုစုပေါင်း (၄၆) ဦး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းနှင့် ကဒတ်ကွင်း ကျေးရွာအတွင်းရှိ ပြည်သူများမှအသက် (၁၆)နှစ် အောက်(၇)ဦး ၊အသက် (၁၆-၁၈) နှစ် (၂) ဦး၊အသက် (၁၈)နှစ်အထက်(၁၆)၊တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၂၉)  ၊မိတ္တူ(၁၇) စုစုပေါင်း (၇၁) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

စန္ဒာကြည်