မြောင်းမြမြို့နယ်၊ ငါးရာဘိုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်း ဆောင်ရွက်

မြောင်း​မြ မြို့ ဒီဇင်ဘာ ၆

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက်၉ နာရီ ​က မြောင်းမြ​မြို့နယ် ငါးရာဘို ကျေးရွာ ၊အမက ဖုန်းဆိုးကျောင်းတွင် ကျေးရွာအတွင်းရှိ ပြည်သူများအား ​ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မှ ဒု-လဝကမှူး ဒေါ်ခိုင်ရွှေဇင်နှင့်ဝန်ထမ်းများက​ ငါးရာဘိုကျေးရွာအတွင်းရှိ  ပြည်သူများမှ အသက် (၁၆)နှစ် အောက် (၉)ဦး ၊အသက် (၁၆-၁၈) နှစ် (၁၂) ဦး၊အသက် (၁၈)နှစ်အထက်(၂၆)၊တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြား များထုတ်ပေးနိုင်ခဲ့ပြီးလဲလှယ် (၁၇)  ၊ မိတ္တူ(၆၂) စုစုပေါင်း (၁၂၅) ဦး  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

စန္ဒာကြည်