မြဝတီ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့် အချိန်မြန်ပြီးစီးနိုင်ရေးနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လျာထားချက်အတိုင်း ပြည့်မှီအောင် ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇင်လတ်က ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်ဇွန်လမှဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၄၉ ရာခိုင်နှုန်းပြီးစီး ပြီးဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်လုပ်ငန်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုပုံစံ(၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိမ်ထောင်စုလူဦးရေ နှင့်သန်ခေါင်စာရင်းကောက်ခံရာတွင် အသက်(၁၈)နှစ် ပြည့်သူများကို အချက်အလက်မှန် ကန်စေရေး အသေးစိတ် စီစစ်ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံး အတွင်းရေးမှူးဦးလင်းနိုင်စိုးက အခြေခံမဲ ဆန္ဒရှင်စာရင်း အသေးစိတ်အချက်အလက်များ ပြုစုထားရှိမှုအခြေနေနှင့် အိမ်ထောင်စု သန်းခေါင် စာရင်းအ သေးစိတ်ကောက်ခံမှုအခြေအနေများကို တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့လုပ်ဆောင်ရ မည့်လုပ်ငန်း များအပေါ် ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူမှလည်းပြန်လည် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)