ကံမမြို့နယ်တွင် အခြေခံပညာကျောင်းများ ၌ ကျောင်းသားကျောင်းသူ (၃၇၈၀) ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

ကံမ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ခဲ့ရသည့် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်း သွားသဖြင့် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်နေ့ ကျောင်းတက်စာရင်းအရ  မူလတန်းအဆင့် ကျောင်းသား(၁၈၈၀)ဦး အလယ်တန်းအဆင့် ကျောင်းသား (၁၃၅၇) ဦးအထက်တန်း အဆင့် ကျောင်းသား(၅၄၃) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၇၈၀) ဦး တက်ရောက်၍  အေးချမ်း စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊  ကိုယ်ပိုင်အထက် တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၄)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(၄) ကျောင်း၊   အခြေခံပညာအလယ်တန်းကျောင်းခွဲ () ကျောင်း၊ အခြေခံပညာ   မူလတန်းလွန် ကျောင်း (၁၁) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၉၇)ကျောင်း ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)