ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစီစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက် 

ပုသိမ်     ဒီဇင်ဘာ     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦး.ကျော်ထွန်း ဦးဆောင်သော ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။ 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး.ကျော်ထွန်းက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြော ကြားခဲ့သည်။ 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရွှေမြင်တင်ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူများကို အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက် ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်တွယ်အသုံးပြုရာ၌ ပျောက်ဆုံး/ ပျက်စီးမှု မဖြစ်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းသွားရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာအုပ်စုမှ လူဦးရေ(၁၃၇)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို သတ်မှတ် လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့် ကျေးရွာများမှဒေသခံပြည်သူများကိုလည်း စဉ်ဆက် မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ပုသိမ်ခရိုင်