အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီး  အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ mask campaign ပြုလုပ်

ပုသိမ်     ဒီဇင်ဘာ    

ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲမှစတင်ကာ ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့ရှိ ရှုခင်းသာရင်ပြင်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးမိုးကျော်လွင်နှင့်ဝန်ထမ်းများက လမ်းပေါ်တွင် သွားလာလှုပ်ရှားနေကြသူများအား Mask များ အခမဲ့ပေးဝေခဲ့ကြသည်။

အဆိုပါ Mask Campaing ပြုလုပ်ရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အေရိုးဗစ်အဖွဲ့များ က အပြင်ထွက်လျှင် mask တပ်ပါ၊ လက်ဆေးပါစသော တေးသီချင်းများဖြင့် သီဆိုကပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပုသိမ်ခရိုင်