နတ်မောက် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပြီးစီးသူ (၃၉၄၆)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မေလ(၃)ရက်နေ့မှ ဒီဇင်ဘာလ(၅)ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်များ လာရောက်ပြုလုပ်ကြသူ ၃(က)ဖြင့်ပြုလုပ်သူ ကျား(၅၄၀)ဦး၊ မ (၅၈၃)ဦး၊ ၆(က)ဖြင့် ပြုလုပ်သူ ကျား(၇၁၈ )ဦး၊ မ(၈၅၃)ဦး၊ လဲလှယ်သူ ကျား(၂၄၂)ဦး၊ မ(၃၃၁)ဦး၊ မိတ္တူကျား(၄၂၅)ဦး၊ မ(၂၅၄)ဦး၊ စုစုပေါင်း (၃၉၄၆ )ဦးတို့အား ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ် လ.ဝ.ကဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ်