မင်းလှမြို့နယ်တွင်ပနီဆုံ(အလက)ကျောင်းဆောက်လုပ် နေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

အထက်မင်းလှ        ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပနီဆုံကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မင်းလှမြို့နယ်ပနီဆုံကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း ဆောက်လုပ်‌နေမှု အခြေအနေမှုများကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အရည် အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၌ပနီဆုံ‌ ကျေးရွာတွင်အခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ပြည်ထောင်စုဘတ်ဂျက်ရန်ပုံ‌ငွေ    ခွင့်ပြုငွေကျပ် (၂၀၈.၅၇၁) သန်းဖြင့် RCနှစ်ထပ် အဆောက်အဦး အလျား၁၄၀ပေ၊ အနံ ၃၀ပေ၊  အမြင့်၂၄ ပေ‌ ဆောက်လုပ်ခြင်းဖြင်ပြီး  အဆိုပါကျောင်းဆောင်သစ် အဆောက်အဦမှာ ၂၅ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး ပြီဖြစ်ကြောင်း နှင့်လုပ်ငန်းများဆောင်ရွက်‌ နေမှုအခြေအနေများကို မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပနီဆုံကျေးရွာ  အ‌ခြေခံပညာအလယ်တန်းကျောင်း အဆောက်အဦ ဆောက်လုပ် ခြင်းကို ”မန်းမြို့ဟိန်း”ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး၊ ကျောင်းဆောင် ဆောက် လုပ်ပြီးစီးမှုအခြေ အနေများ ကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   မြို့နယ်အရည် အသွေးစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ ကစစ်ဆေးပြီး တာဝန်ခံဆောက်လုပ်သည့်  ကုမ္ပဏီအနေဖြင့်သတ်မှတ်စံချိန်စံညွှန်းနှင့်အညီပြည့်မီ‌ရေး အ‌လေးထားလိုက်နာ ဆောင်ရွက်ရန်  ပြောကြားခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)