ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ သရက်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ မြို့နယ်ကျေးလက် ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ (၄၈.၀၇၀)သန်းဖြင့် ဆောင်ရွက်မည့် ဆင်ပေါင်ဝဲ မြို့နယ် လက်ပံငူကျေးရွာအုပ်စု ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှု ခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ် ပြီးစီးပါက လက်ပံငူကျေးရွာအုပ်စုအတွင်းရှိ လက်ပံငူ ကျေးရွာ၊ အင်းမကုန်းကျေးရွာ၊ မိုးနတ်ကုန်းကျေးရွာများအတွက်လည်း သွားလာရေး မြန်ဆန်လွယ်ကူ သွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား လင်းမြတ်မင်း ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ အရည်အသွေးပြည့်မီအောင် လုပ်ဆောင်ရန်နှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)