ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက် 

မြန်အောင် ဒီဇင်ဘာ ၆ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယမန်နေ့က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့်အမှတ် (၂) ရပ်ကွက်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၁၂၇)ဦးနှင့်အမှတ်(၂)ရပ်ကွက်တွင်နိုင်ငံသားစိစစ်ရေးကတ်(၁၀၄) ဦး၊တို့ကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင် ကြီးကြပ်မှုဖြင့်မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေး ရွာအုပ်စုအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အသက် (၁၀)နှစ်မှ (၁၈) နှစ် ပြည့်ပြီး နိုင်ငံသားအရည် အချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ် ထောင်စုစာရင်းမရှိသော မိသားစုများကိုအိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်

ဝင်းဗိုလ်