မြင်းမူ ဒီဇင်ဘာလ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ် ပစ္စည်းပြုလုပ်ရောင်းချသူများ ထံမှသိရှိရ သည်။
ကွန်ကရစ်ပစ္စည်းကတော့ပုံမှန် ရောင်းချနေရကြောင်း၊ အဓိကရောင်းအားကောင်းသည့် ပစ္စည်းမှာကွန်ကရစ် ကျောက်တိုင်နှင့် ရေကန်များဖြစ်ကြောင်း၊ ရံဖန်ရံခါ ကျေးလက်လမ်းများတွင်အသုံးပြုသည့် ရေပြွန်များ လည်းမှာယူမှုရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် ကျောက်ဈေးတို့သိသိ သာသာ မတက်သော်လည်း သံချောင်းဈေးထက်ဝက်ခန့် ဈေးတက်ခဲ့ကြောင်း၊ သို့ရာတွင်မိမိတို့ ရောင်းချရာတွင် ဝယ်လို အားအပေါ်မူတည်ကာအနည်း ငယ်သာဈေးတက်ရကြောင်း ကွန်ကရစ်ပစ္စည်းပြု လုပ်ရောင်းချနေသူ ဦးကျော်အုန်း ထံမှသိရှိ ရသည်။
ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်၊ ကွန်ကရစ် ရေကန်၊ ကွန်ကရစ်ပြွန် ဆိုဒ်စုံ၊ ကျင်တွယ်တိုင်အမျိုးမျိုး၊ မိလ္လာသုံးကျောက်ပြား၊ ဘိလပ်အုပ်နှင့် အခြားအော်ဒါမှာ ယူသောပစ္စည်းများ ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)