မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ တတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး ဒေသတွင်းစားနှပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ တတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်၊ မုံရွာခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး မုံရွာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ တာဝန်ပေးအပ်သော လျာထားချက်များ အတိုင်း နှစ်လက်မအရွယ်ရှိ (ငါးမြစ်ချင်း ငါးသားပေါက် နှစ်သိန်း ၊ ငါးခုံးမကြီး နှစ်သိန်း၊) စုစုပေါင်းငါးသား ပေါက်ကောင်ရေ (၄၀၀၀၀၀) လေးသိန်းတိတိကို ချင်းတွင်းမြစ်အတွင်း သို့ စုပေါင်းစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)