ဖျာပုံ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားအဆိုပြုချက်များ ညှိနှိုင်းဆွေးနွေးခြင်းကို ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားအဆိုပြုချက်များ ညှိနှိုင်းဆွေးနွေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင် ကအဖွင့်အမှာစကားပြောကြားရာတွင်"ဖျာပုံမြို့နယ်အနေဖြင့် ပြည်ထောင်စု Budget နှင့် တိုင်းဒေသကြီး Budgetဆိုင်ရာလုပ်ငန်းများတွင်မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများအလေးထားတောင်းဆိုကြဖို့လိုအပ်ကြောင်းနှင့်ဌာနဆိုင်ရာများရဲ့တင်ပြချက်အရ၊ဌာနဆိုင်ရာများကကဏ္ဍအလိုက်စီမံကိန်းတာဝန်များကိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုကြောင်း"ပြောကြားသည်။ထိုနောက်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးမှူးဒေါ်တင်တင်ညိုက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နိုင်ငံပိုင်အခန်းဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှုလျာထား အဆိုပြုချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှုလျာထားBudgetများနှင့်ပတ်သက်၍အသီးသီးဆွေးနွေးကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်