ရွှေဘိုမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၂ခုနှစ်၌ နွေစပါးဧက (၆)သောင်းကျော် နှင့် အခြားသီးနှံ ဧက(၁)သောင်းကျော် စိုက်ပျိုးသွားမည်

ရွှေဘို ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၂ ခုနှစ်၌ နွေစပါးဧက (၆)သောင်းကျော်နှင့် အခြားသီးနှံ ဧက(၁)သောင်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။

ကျွန်မတို့ ရွှေဘိုမြို့နယ်အနေဖြင့် သဖန်းဆိပ်ဆည်မှ ဆည်ရေ လုံလောက်မှုမရှိတဲ့အတွက်  (၂)နှစ်ဆက်တိုက် နွေစပါးစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိကြောင်း၊ ၂၀၂၁-၂၂ ခှနှစ်မှာတော့ သဖန်းဆိပ်ဆည် ဆည်ရေလုံလောက်မှုရှိတဲ့အတွက် စိုက်ပျိုးရေများကို  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ (၇)နေ့တွင် ရေစတင်ပေးဝေးသွားမှာဖြစ်ပါတယ်။  ကျွန်မတို့ မြို့နယ်အနေဖြင့် နွေစပါးကို (SMC) တူးမြောင်းမှ စိုက်ဧက(၅၇၀၀၀)နှင့် (OMC) တူးမြောင်းမှ စိုက်ဧက (၅၈၅၀)ဖြင့် စုစုပေါင်း နွေစပါး စိုက်ဧက(၆၂၈၅၀)၊ အခြားသီးနှံကို SMC တူးမြောင်းမှ စိုက်ဧက(၁၂၅၀၀)ဖြင့် စိုက်ပျိုးရန်လျာထားကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း ကပြောကြားသည်။

လာမည့်နှစ် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့်  မိုးစပါးနှင့် မိုးသီးနှံ ရိတ်သိမ်းအပြီး နွေစပါးနှင့် အခြားသီးနှံများ  အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ ဦးစီးဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ မြေဆီလွှာ အဟာရဖြည့်တင်းရေး ဆိုင်ရာလုပ်ငန်းများနှင့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ကြိုတင်စုဆောင်းနိုင်ရေးအတွက် မိမိတို့ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ၎င်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)