မြဝတီ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ခင်စောတင့်(ဘာသာပြန်သည်) “ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ”စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးသီက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် (Women club) ဥက္ကဋ္ဌ ဒေါ်ကေခိုင်က စာရေးဆရာ ခင်စောတင့်(ဘာသာပြန်သည်) “ခက်ခဲကျပ် တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ”စာအုပ်တွင်ပါရှိသည့် အကျပ်အတည်းများကို အောင်နိုင်ခြင်း၊ မိမိကိုယ်ကို ကျေနပ်နှစ်သက်ခြင်းနှင့် ဆက်ဆံရေးများ အကြောင်းကို ဖတ်ကြားဆွေးနွေးပြီး ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ကြည်ကြည်ဖြိုး ကျော်က ချမ်းသာကြွယ်ဝခြင်း၊ အခက် အခဲများကို ကျော်ဖြတ်ခြင်းနှင့် ပျော်ရွှင်စရာအရေးပါမှု အကြောင်းအရာများကို ဆက်လက်ဖတ်ကြား ဆွေးနွေးရာ တက်ရောက် သည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)