ဖျာပုံ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ဆက်လက်ထိုးနှံပေးခြင်းကိုဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမနှင့်ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်ခြင်း၊တစ်ဦးနှင့်တစ်ဦး(၆)ပေစီခြား၍စနစ်တကျနေရာချထားပြီး၊ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ၊ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမနှင့်ပြည်သူ့အားကစားခန်းမတို့တွင်ဆေးထိုးစုရပ်(၂)ခုထားရှိပြီး၊ဆေးထိုးစုရပ်တစ်ခုလျင်လူဦးရေ(၂၀၀)ဦးနှုန်းဖြင့်ဖျာပုံမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိပြည်သူများအားပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ံထိုးနှံပေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်