မြဝတီမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

မြဝတီ ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community centre) ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook pageများ ဖွင့်လှစ်ကာ Online မှတစ်ဆင့် အသိပညာပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦး‌ကျော်စွာဝင်းက ပတ်ဝန်းကျင်၏ အဓိပ္ပါယ်၊‌ ဂေဟာစနစ်၊‌ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ပျက် စီးလာရခြင်း၏ အကြောင်းအရာများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအတွက် လိုက်နာရမည့် အချက်များ ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)