ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများ    ဆက်လက်ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ    ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ် ()အခြေခံ ပညာ အထက်တန်းကျောင်း ကရဝိတ်ခန်းမတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံ​ပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ(၆၁၂၇၄)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အေဇာလင်း