ဖောင်းပြင် ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ အသက်ဆယ်နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို မေလ ၃ရက်နေ့မှစတင်ကာ ပန်းခင်းစီမံ ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင် လည်း ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လွင်ကြီးကျေးရွာ၌ လူဦးရေ ၇၂ဦးအား နိုင်ငံ သားစိစစ်ရေး ကတ်ပြား များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေးများနှင့် ပေါင်း စပ်ညှိနှိုင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးရမည့်သူ များ၏ အမည်စာရင်း ကိုပြုစု၍ ရှေ့ပြေးလျှောက်လွှာပုံစံများ ကြိုတင်ဖြန့်ဝေပေးပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ထံသို့ တင်ပြကာ ဆောင်ရွက်ပေးကြောင်းသိရသည်။
အဆိုပါစီမံချက်ဖြင့် မြို့နယ်အတွင်းတွင် နိုင်ငံသားစိစစ်ရေးကတ် ၂၅၁၀ ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း ၁၂၆ စောင်ကို ဆောင်ရွက်ထားပြီးဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှု( ၅၁ ဒသမ ၇)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ကျန်ရှိသော ကျေးရွာများသို့ ကွင်းဆင်းကာ ဆက်လက်ဆောင်ရွက်ပေးသွားဖြစ်ကြောင်း ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူ ကျော်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)