ဆိပ်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophram) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆိပ်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး(Sinophram) များကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို အသက်၁၈နှစ်ပြည့်ပြီး ဒေသခံ ရဟန်းရှင် လူပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနများတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးသူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယခုလက်ရှိ ကာကွယ်ဆေးကို စတုတ္ထ အသုတ်အဖြစ် ကိုဗစ်ကာကွယ်ဆေး (Sinophram)ကို  ထိုးနှံပေးနေခြင်းဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေးထိုးရန် လျာထား (၈၅၁၆၁) ဦးရှိပြီး ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၀၂၀၇)ဦး၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ(၂၆၇၃၉)ဦး ကာကွယ်ဆေးထိုးမှုရာခိုင်နှုန်း ၃၁ ဒဿမ ၄ ရာခိုင်နှုန်းရှိကြောင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့်  မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ကထိုးနှံပေးပြီး၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အကြောင်း အမျိုးမျိုးကြောင့် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးနေပြီး သတ်မှတ်နေရာများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)