ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ "လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ ဒုရဲမှူးတင့်လွင်က လူတစ်ယောက်ရဲ့ သဘောထားကို ဆန့်ကျင်ပြီး အရွယ်ရောက်ကာစ လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးငယ်လေးများကို စည်းရုံးကာ ရောင်းကုန်သဖွယ် ရောင်းဝယ်ခြင်းကို လူကုန်ကူးမှု ဟုခေါ်ဆိုကြောင်း၊ လူကုန်ကူးမှု ဖြစ်လာရသည့် အကြောင်းအရင်း၊ ပြဌန်းထားသည့် ဥပဒေများအကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ရုံး အနေဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များအား ဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိပြီး We Love Sinbaungwe Face Page တွင်လည်း လွှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)