ကျိုက်လတ်မြို့နယ်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ကျိုက်လတ်   ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဇေယျာမင်းကဌာန၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့်မီးဘေးလုံခြုံရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြု ဆောင်ရွက်ရေး စသည့် ​ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုနှင့်သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ‌ ဆောင်ရွက်နိုင်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရှိမှုများအား အကျယ်တဝင့် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်