ကရသူရိ ဒီဇင်ဘာလ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများအား ဂိမ်းကစားခြင်းပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား/သူများက Chess ကစားနည်း၊ ဒိုးဇက်ကစားနည်း၊ အရုပ်ခေါက်နည်း၊ အိမ်ဆောက်နည်းစသည့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ယှဉ်ပြိုင်ကြပြီး အနိုင်ရရှိသူ များကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် လေ့လာ သင်ယူမှု စနစ်အားကောင်းလာစေရေးအတွက် မူလတန်းအဆင့်ကျောင်းသား/သူများမှ စ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)