ကော့ကရိတ် ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ ဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းသို့ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကို-ဗစ် ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရေးစသည့် အချက်များကို အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
KMW(ခရိုင်ပြန်/ဆက်)