ပန်းတနော် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) အဖြစ် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက စတင်၍ ဒေါဝါးကျေးရွာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်ကြီးကြပ်မှုဖြင့် ဒေါဝါးကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မိုးကျော်နှင့်အဖွဲ့ဝင်များ၊ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ပညာရေးဌာနမှ ဆရာ/မများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အသက် ၁၈ နှစ်အထက် ပြည်သူ (၃၂၅) ဦးတို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) စတင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် ကျေးရွာများရှိ ပြည်သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနအပိုင်အလိုက် ဆက်လက်ထိုးနှံ ပေးသွားရန် စီစဥ်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးလာရောက် ထိုးနှံကြရန် လိုက်လံအသိပေးနှိုးဆော်ထားကြောင်း ဒေါဝါးကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။