ပိုင်ကျုံမြို့တွင် တစ်ပိုင်တစ်နိုင် ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ပိုင်ကျုံ  ဒီဇင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက် ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ် ရောင်းချသူ ဦး‌အေဆိုင်ထံက သိရသည်။

“ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိက ရောင်းအားကောင်းတာက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေကန် များဖြစ်ပါတယ်။ တခါတရံ ကျေးလက်လမ်းများ ပြုလုပ်ရာမှာအသုံးပြုတဲ့ ရေပြွန်များလည် ရပါ တယ်။ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေနဲ့ ကျောက်ဈေးများ သိသိသာသာ ဈေးမတက် သော်လည်း သံချောင်းဈေးကတော့ ထက်ဝက်ခန့်တက်ခဲ့ပါတယ်။ ကုန်ကြမ်းစျေးတက်သော် လည်း ရောင်းစျေးကိုတော့ ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးအနည်းငယ်သာတက်ခဲ့ပါတယ်၊ ဆိုင်ကိုပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းပင်ကျေးရွာမှာဖွင့်ထားပါတယ်”ဟု ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦး‌အေဆိုင်က ပြောသည်။

ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်(အကြီး/အသေး)၊ ကွန်ကရစ်ရေကန် (အကြီး/အသေး)၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ မိလ္လာသုံးကျောက်ပြားနှင့် အခြား အော်ဒါမှာယူသောပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)