ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက်(ခေါ်)စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါနှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုး အနေဖြင့် (၂)ပြည်ခန့်အသုံးပြုရကြောင်း စိုက်ပျိုးပြီး (၂၅)ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေဩဇာကျွေး ခြင်းများဆောင်ရွက်ပေးရကြောင်း ၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကတွင် (၁၄)တင်းမှ (၂၀)တင်းထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက် စိုက်ခင်းများအထွက်နှုန်းနည်းပါးသော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ်(၅၀၀၀၀)ခန့် ရှိတာကြောင့် နှစ်စဉ်တောင်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး စိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အေးအေးနွဲ့