လှိုင်းဘွဲ-ရှမ်းရွာသစ်သွားကတ္တရာလမ်းမှ ထီးတပလူးထကျေးရွာချင်းဆက်လမ်းမြေသားလမ်းဖောက်လုပ်

ရှမ်းရွာသစ်    ဒီဇင်ဘာ    ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ ထီးတပလူးကျေးရွာ ချင်းဆက် မြေသားလမ်း(၂)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ် သည့် မြေသားလမ်းဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ဒေသ နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားများစွာ ယခင်ကထက်တိုးတက်လာမည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲ လာမည်ဖြစ်သည်။

အဆိုပါ ထီးတပလူးထကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၂)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၆.၆၉၉) သန်းဖြင့် စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)