ဓနုဖြူမြို့နယ်ရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

ဓနုဖြူ        ဒီဇင်ဘာ      ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှည်းဆိပ် ကျေးရွာရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့  ဒီဇင်ဘာလ ၅ ရက် နေ့၊ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မအူပင်ခရိုင် အုပ်ချုပ် ရေးမှူး ဦးညီညီထွေး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးနှင့် အောက်စီဂျင်စက်ရုံပိုင်ရှင် ဦးအေးကြူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မှ မြတ်သုခကျော် အောက်စီဂျင်စက်ရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ စက်ရုံပိုင်ရှင် ဦးအေး ကြူမှ အထိမ်းအမှတ်အလံများပေးအပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မအူပင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဓနုဖြူမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လက်ခံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မြတ်သုခကျော် အောက်စီဂျင်စက်ရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့သည်။ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့မှ မြတ်သုခကျော် အောက်စီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှုအားပေးခဲ့​သည်။

အဆိုပါ မြတ်သုခကျော် အောက်စီဂျင်စက်ရုံမှ တစ်ရက်တာ(၂၄)နာရီအတွင်း (၄၀)လီတာ အောက်ဆီဂျင်အိုး (၃၀၀)လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)