ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ကျေးရွာလျှပ်စစ်မီးလင်းရေးတက်ရောက်ဖွင့်လှစ် 

ဇလွန် ဒီဇင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ညောင်ပင်စျေးရပ်ကွက်အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးမှုနှင့်ကျေးရွာမှကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ထားသောလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။

 

ယင်းနောက် ညောင်ပင်စျေးရပ်ကွက် အင်းကုန်းရွာတွင် တပ်ဆင်ထားသော  လျှပ်စစ်မီးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး ညောင်ပင်စျေးရပ်ကွက် အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးသော ၁၁ ကေဗွီလိုင်း .၁၃ မိုင်   ၁၁/. ကေဗွီထရန်စဖော်မာ ၂၀၀ ကေဗွီအေအတွက် နိုင်ငံတော်မှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၆.၅၅ ) ကျေးရွာမှကိုယ်ထူကိုယ်ထဆောင်ရွက်သော ၄၀၀ ဗို့လိုင်း .၃၄ မိုင်အတွက် ကျေးရွာမှစိုက်ထုတ်ကုန်ကျငွေကျပ်သန်း ( ၁၁.၉၀)ဖြင့်လျှပ်စစ်မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီးအိမ်သုံးမီတာ( ၃၉ )လုံးသုံးစွဲပြီးကြောင်းသိရသည်။

 

ဝေယံ