​မြို့သစ်တွင် တစ်ပိုင်တစ်နိုင် ကွန်ကရစ်ပစ္စည်းများပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ

မြို့သစ်   ဒီဇင်ဘာ   ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးမျိုးဝင်းထံကသိရသည်။

ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိကရောင်းအား ကောင်းတာက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေကန်များဖြစ်ပါတယ်။ တခါတရံ ကျေးလက်လမ်းများ ပြုလုပ်ရာမှာအသုံးပြုတဲ့ ရေပြွန်များလည်းရပါတယ်။ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေနဲ့ ကျောက်ဈေးများ သိသိသာသာဈေးမတက်သော်လည်း သံချောင်းဈေးကတော့ ထက်ဝက်ခန့်တက်ခဲ့ပါတယ်။ ကုန်ကြမ်းစျေးတက်သော်လည်း ရောင်းစျေးကိုတော့ ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးအနည်းငယ်သာတက်ခဲ့ပါတယ်၊ဆိုင်ကိုမြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာဖွင့်ထားပါတယ်ဟု ကွန်က ရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ ဦးမျိုးဝင်းက ပြောသည်။

ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ ကွန်ကရစ်တိုင်(အကြီး/အသေး) ကွန်ကရစ်ရေကန် (အကြီး/အသေး) ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊ မိလ္လာသုံးကျောက်ပြားနှင့် အခြားအော်ဒါမှာယူသော ပစ္စည်းများဖြစ်ကြောင်းသိရသည်။

သန်းဝင်းထွန်း