နာဂဒေသ၊ ပန်ဆောင်မြို့၌ မူလတန်း အဆင့် ကဗျာရွတ် ပြိုင်ပွဲကျင်းပ

 ပန်ဆောင်     ဒီဇင်ဘာ   ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းအိမွန်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ​ပြိုင်ပွဲတွင် ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၉)ဦး ဝင်   ရောက်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆုများချီးမြင့်ပေးအပ်ခဲ့ကြောင်း  သိရသည်။

ဂျာယော်(ပန်ဆောင်)