ပန်းတောင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင် မြို့စာရေးဆရာ အသင်းရုံးအလင်္ကာခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာ စကားပြော ကြားပြီ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှကျော်ကနှစ်စဉ်ကျင်းပမြဲဖြစ်သော စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း အကြောင်းများ ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားခဲ့ကြသော ကလောင်သစ်ကဗျာဆရာ (၅)ဦး တို့အားမြို့နယ် အသင်း၏ဂုဏ်ပြုမှတ် တမ်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးအောင်သူရ၊ ဗိုလ်မှူးဇော်မင်းထွန်း၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးလှကျော်အသင်းဝင် ဦးမြင့်ဌေးတို့က အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စာရေးဆရာအသင်းမှ ထုတ်ဝေသောစာဆိုတော်နေ့ အထိမ်းအမှတ်ကဗျာ၊ စာအုပ်ရေး သားသော ကဗျာများကိုကဗျာဆရာများ ကရွတ်ဆိုကြပြီး စာအုပ်များကိုအခမဲ့ဖြန့် ဝေပေးကာအခမ်း အနားအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့် အညီ ကျင်းပခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)