ဝါးခယ်မမြို့နယ်တွင်'လိုအပ်သောသူဖေးမကူသူငယ်ချင်း တစ်စောင်ယူ'ကူပွန်စနစ်ဖြင့်အဝစားစေတနာရှင်များ ပန်းကန်ထမင်းဆိုင်ဖွင့်လှစ်

ဝါးခယ်မ   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်အာရောဂျတံခွန် ကုသိုလ်ဖြစ်မျက်စိအထူး ကုဆေးရုံတော်ကြီး၏ ဦးဆောင်ဆရာတော်နှင့် နာယကဆရာတော်များ ဦးဆောင်လှူဒါန်းပြီး အလှူရှင်များ က"လိုအပ်သောသူဖေးမကူ"စေတနာရှင်များပန်းကန် ထမင်းငါးရာကျပ်ထမင်းဆိုင်ကို၄.၁၂.၂၀၂၁ရက်နေ့မှ စတင်ကာတစ်ပတ်လျှင်စနေ၊ တနင်္ဂနွေနေ့များတွင်နံနက်၁၀နာရီမှနေ့လည်၁နာရီအတွင်း ရောင်းချပေးသွားမည် ဟုသိရသည်။ စီးပွားရေးအဆင်မပြေ၍ အခက်အခဲရှိသော နွမ်းပါးမိသားစုများအတွက်အဟာရ အဖြစ်စား သုံးနိုင်ရန် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးသလောက်ဟင်း၊ ဘဲဥချဉ်ရည်၊ အသီးအရွက်ကြော်၊ သီးစုံပဲ ကုလားဟင်း၊ ငပိရည်ဖျော်၊ တို့စရာအစုံတို့ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

အဆိုပါစေတနာရှင်များပန်းကန်ထမင်း ရောင်းချနိုင်ရေးအတွက် ၄.၁၂.၂၀၂၁ရက်နေ့တွင်အာရောဂျတံခွန် ကုသိုလ်ဖြစ် မျက်စိ အထူးကုဆေးရုံတော်ကြီး၏ ဦးဆောင်ဆရာတော်နှင့် နာယကဆရာတော်များ ကမတည် အလှူငွေသုံး သိန်းကျပ်၊ ၅.၁၂.၂၀၂၁ ရက်နေ့အတွက် ရွှေမြန်မာဆန်စက်မိသားစုတို့က မတည်အလှူငွေသုံး သိန်းကျပ် လှူဒါန်းခဲ့ပြီး ရတနာသုံးပါးဖောင်ဒေးရှင်း TRI foundation W. K. A အဖွဲ့မှ ကျွေးမွေးနိုင်ရေး အတွက် တာဝန် ယူစီစဉ် ဆောင်ရွက်ခဲ့ကြသည်။

ယခုကဲ့သို့စေတနာရှင်များပန်းကန် ထမင်းငါးရာကျပ်ထမင်းဆိုင် ဖွင့်လှစ်ခြင်းဖြင့် စီးပွားရေးအဆင်မပြေ နွမ်းပါးသူများ အတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူများရရှိသည့် အတွက်ဝါးခယ်မမြို့ပြည် သူများ ကဝမ်းသာ ပီတိဖြစ်၍ကျေးဇူးတင်ကြကြောင်း သိရပါသည်။ စေတနာရှင်များပန်းကန်ထမင်း ငါးရာကျပ်တန် ထမင်းဆိုင် ကိုစနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက်၁၀နာရီမှနေ့လည် ၁နာရီအထိ ကွမ်းခြံကုန်းကျောင်း တိုက်ကမ်းနား လမ်းမင်းပိုင်းရပ်ကွက် တွင်ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

ရီရီလွင်(ဝါးခယ်မ၊ပြန်/ဆက်)