မင်းဘူး ဒီဇင်ဘာ ၅
မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာနတို့ ကျင်းပပြုလုပ်တဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ပေး ဆွေးနွေးပွဲ (Talk Show ) ကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာစိုးက ပွင့်လင်းရာသီ ရောက်လာတော့မှာ ဖြစ်တဲ့အတွက် မီးသတ်ဦးစီးဌာန အနေနဲ့ ကြိုတင်ကာကွယ် စီမံထားရှိပုံ များကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက်မင်းဘူး(စကု)မြို့နယ်မီးသတ် ဦးစီးဌာနမှဦးစိန်ထွန်းက မီးသတ်ဦးစီးဌာနအနေနဲ့ကြိုတင် ကာကွယ်ထားရှိပုံများမှာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် ဦးတည်ချက်များထားရှိပြီး မင်းဘူးမြို့နယ် အနေနဲ့ မြို့ပေါ် (၄) ရပ်ကွက်ရှိကာ အရံမီးတပ်ဖွဲ့ တပ်စုတစ်စု ၃၅ ဦးပါ အမြဲတမ်းဖွဲ့စည်းထားပါကြောင်း၊ ကျေးရွာများမှာလည်း ကျေးရွာအလိုက် အရံမီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး အိမ်တိုင်းအိမ်တိုင်းမှာ လည်းရပ်ကွက်များအပြင် စက်ရုံအလုပ်ရုံများကိုလည်း မီးသုံးစွဲရာတွင် ပေါ့ဆမှုမဖြစ်စေရေး အတွက် စစ်ဆေးခြင်များ ပြုလုပ်၍ ဆောင်ရွက်လျက်ရှိပါသည်။
မီးဘေးကြိုတင်ကာကွယ်ရေး အနေနဲ့ (၁) ရပ်ကွက်ကျေးရွာများအတွင်း အိမ်တိုင်းအိမ်တိုင်း မီးချိပ်၊ မီးခတ်၊ သဲ၊ ရေ၊ လှေကားများထားရှိရေးကို အဓိကဦးစားပေး စစ်ဆေး၍ စက်ရုံအလုပ်ရုံများ၊ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ပြီး လျှပ်စစ်မီးနဲ့ ပတ်သက်၍လည်း စစ်ဆေးဆောင်ရွက် လျက်ရှိပါသည်။ အသိပညာပေး ဟောပြောလှုံ့ဆော်မှုတွေလည်း ပြုလုပ်ပေးကာအိမ်တိုင်ယာရောက် ကွင်းဆင်း၍ မီးငြှိမ်းသတ်ခြင်း၊ သရုပ်ပြခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ မိမိရပ်ကွက် အတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက် သွားလာနိုင်စေရန်၊ ရေများရရှိစေရန်နှင့် မိမိနဲ့ပတ်သက်တဲ့ မြို့နယ်/ကျေးရွာများတွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် နေစေရန်တို့ကို အစဉ်နှိုးဆော် ပေးရသည်။
မီးသတ်တပ်ဖွဲ့များအနေနဲ့လုပ်သားပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းသည်အရေးကြီးသော အပိုင်းဖြစ်၍ မီးလောင်မှုတစ်ခု ဖြစ်လာပြီဆိုတာနဲ့ ရပ်ကွက်နေပြည် သူများနှင့် မီးလောင်မှုကြီးမား မလာအောင် တားဆီးကာကွယ်ကြရမှာ ဖြစ်ပါသည်။ ရပ်ကွက်နေ ပြည်သူများအနေနဲ့ တိကျသေချာတဲ့ သတင်းကို မီးသတ်ဌာနသို့ အချိန်မှီ သတင်းပေးဖို့ လိုအပ်သည်။ ဒါမှ မြန်မြန်ငြှိမ်းသတ်နိုင်ပြီး မီးသတ် ဆောင်ပုဒ်အတိုင်း မြန်မြန်သိ မြန်မြန်သွား မြန်မြန်ငြိမ်းသတ်ဆိုတဲ့အတိုင်း ဆောင်ရွက်နိုင်မှာဖြစ်သည်။ ဒါကြောင့် ရပ်ကွက်နေပြည်သူပြည်သားများ ကျေးရွာနေပြည်သူပြည်သားများကမီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုလျှင် တကယ်ဖြစ်ပေါ် လာပါက လည်းအဆင်သင့် ဖြစ်နေတဲ့ အတွက် အချိန်မှီကာကွယ်နိုင်မှာ ဖြစ်ပါသည်။
ဇေယျာထက်(မင်းဘူး)