အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

စုကလိ  ဒီဇင်ဘာ  ၄

ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ ရုံးမှ ဒုတိယဦးစီးမှူး ဦးစောအယ်လင်းမှ Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီးနောက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်မှ မသန်စွမ်းအဓိပ္ပါယ် ဖွင့်ဆိုချက် ကာကွယ်ပေးနိုင်သော အခွင့်အရေးများနှင့် ပြန်လည်ကူညီပေးနိုင်မည့် အချက်အလက် များအား အပြန်အလှန်ဆွေးနွေးပေးခဲ့ကြပြီး we  love Sjukali  Page တွင် Video file ဖြင့်အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးခဲ့ပြီးဖြစ်ကြာင်း သိရသည်။

ပိုပိုအောင်