ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ကြံခင်း ဒီဇင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘက်ရဲမြို့ မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ ဘက်ရဲမြို့မဈေးတာဝန်ခံ နှင့်အဖွဲ့များ၊ ဘက်ရဲမြို့ရဲတပ်ဖွဲ့ဝင်များ တတ်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့သရုပ်ပြခြင်းကို ကြံခင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် ဘက်ရဲနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၆)ဦးမှ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့ဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်းနှင့် ဈေးတာဝန်ခံအဖွဲ့အား ဆီမီး(DCP)မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် ပြသပေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)