ဖားဆောင်း ဒီဇင်ဘာ ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ဖားဆောင်းမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ RTD (Test kit)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြုလူနာ မရှိကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးရန် လိုအပ်သော မြို့နယ်နှင့် အလှမ်းဝေးသည့် အခြေခံပညာ ကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ သွားရောက် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)