ပုသိမ် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်၍ အဖွင့် အမှာ စကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး ဆောင်ပုဒ်အရ ကိုဗစ်-၁၉ အလွန် မသန်စွမ်းသူများ အနေဖြင့် မိမိတို့ရဲ့ လူ့အခွင့်အရေးများနှင့် အခြေခံလူ့အခွင့်အရေးများကို အခြားသူများကဲ့သို့ ညီမျှစွာ အခွင့်အရေး ရရှိရေူနှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရေးတို့တွက် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း United Nations Convention On the right of Persons With Disabilities-(UNCRPD)ကိုပြဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူ စာရင်းကို ကောက်ယူခဲ့ရာမှာ စုစုပေါင်း (၆၁၉၇၂) ဦးရှိကြောင်း သိရှိခဲ့ရပါကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နော်သာဝါးမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်စေသည့် သွားလာရေး အခက်အခဲ Video Clip အားကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသည့် မသန်စွမ်း သူ ၅၀ ဦးတို့အား ထောက်ပံ့ငွေ သုံးသောင်းကျပ်စီကို လက်ရောက်ပေးအပ်ခဲ့ကြပြီးနောက် စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)