ပုသိမ် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင် ကျင်းပပြုလုပ်သည့် ငှက်ပျောလျှော်နှင့်လက်မှုထည်များ ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ်(၁)သို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “မိမိတို့ တိုင်းဒေသ ကြီးတွင် ငှက်ပျောစိုက်ပျိုးခြင်းလုပ်ငန်း အများအပြားရှိပြီး ငှက်ပျောပင်မှ အသီးစားသုံးရန်အတွက် သာမကဘဲ စွန့်ပစ်ပစ္စည်းဖြစ်သည့် ငှက်ပျောပင်စည်နှင့် ငှက်ပျောလက်များမှ လျှော်ထုတ်၍ လက်မှုထည်များ ထုတ်လုပ်နိုင်ရေး၊ Banana Fiber မှ ထုတ်လုပ်သည့် ထုတ်ကုန်များမှ တစ်ဆင့် ဝင်ငွေများရရှိစေရေး၊ ဇီဝဆွေးမြေ့လွယ် ချည်မျှင်များထုတ်လုပ်ခြင်းဖြင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို အထောက်အပံ့ဖြစ်စေရေး၊ ယခုသင်တန်းကိုအခြေခံ၍ ပိုမိုအဆင့်မြင့်သော စွန့်ပစ်ငှက်ပျောပင်မှ တန်ဖိုးမြင့် ထုတ်ကုန်များ ပေါ်ထွက်လာစေရေး၊ ငှက်ပျောလျှော်ထုတ်လုပ်၍ လက်မှုထည်များ ထုတ်လုပ်စေရေးနှင့် one village one product ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါ ကြောင်းနှင့်သင်တန်းသူ/သားများအနေဖြင့် သင်တန်းမှပို့ချသင်ကြားမှုများအား ကြိုးစားသင်ကြား ကြရန်၊ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်ရန်နှင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်သည်အထိ လေ့လာသင်ယူကြရန်” လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ငှက်ပျောလျှော် ထုတ်လုပ်ရန် အတွက် လေ့လာဆောင်ရွက်မှုအခြေအနေများ၊ ငှက်ပျောလျှော်ထုတ်လုပ်နိုင်ရေး လက်တွေ့ ဆောင် ရွက်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ငှက်ပျောလျှော် နှင့် လက်မှုထည် ယက်လုပ်နေမှု၊ ငှက်ပျောလျှော်နှင့် ပြုလုပ်ထားသည့်လက်ကိုင်အိတ်များ၊ ငှက်ပျောစက္ကူနှင့်ပြုလုပ်ထားသည့် ပုသိမ်ထီးများ၊ ငှက်ပျောလျှော်နှင့် ကျစ်လုပ်ထားသည့် ငှက်ပျောကြိုးများအား ကြည့်ရှုခဲ့ပြီး ငှက်ပျောလျှော်ထုတ်လုပ်၍ ငှက်ပျောစက္ကူ ပြုလုပ်မှု အဆင့် ဆင့်အား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်ကာ အားကစားကွင်း မီတာ ၄၀၀ ပြေးလမ်း Synthesis Rubber Layer ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးအရည်အသွေးပြည့်မီစေ ရေး နှင့်သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်၊ပြည်သူ့ဆေးရုံ (ခုတင်၅၀၀)၊ သံဃာဆောင် ပြုပြင်မွမ်းမံနေမှု အခြေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)