ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အာဆီယံ-ဟောင်ကောင်၊ China Free Tread Agreement ECOTECH work Program အရဆောင်ရွက်မည့် Innovative Products Practices for Food Processing in Myanmar စီမံချက်ပါ စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်းအနား တက်ရောက်

ပုသိမ်     ဒီဇင်ဘာ     ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဒီဇင်ဘာလ ၃ ရက်နံနက်ပိုင်းက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ အသိပညာရှင်အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာဆီယံ- ဟောင်ကောင်၊ China Free Tread Agreement ECOTECH work Program အရဆောင်ရွက်မည့် Innovative Products Practices for Food Processing in Myanmar စီမံချက်တွင်ပါဝင်မည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်း အနား သို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ “အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် လုပ်ငန်းများဖြစ်၍ နိုင်ငံတော်မှ အဆိုပါလုပ်ငန်း များ တိုးတက်ရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  MSMEs လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ စားသောက်ကုန်ထုတ်လုပ်ငန်းများဖြစ်ပါကြောင်း၊ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစား စက်မှုလုပ်ငန်းများ ဆက်လက်ထူထောင်၍ သွင်းကုန်အစားထိုး ထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြှင့်လာမှာဖြစ်ပါကြောင်း၊ စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် မိမိဒေသထုတ်ကုန် များကို အရည်အသွေးမီစွာ  ကျန်းမာရေးနှင့်ညီညွတ်ပြီး စနစ်တကျထုတ်ပိုးမှုနှင့် စျေးကွက်ထိုး ဖောက်ဝင်ရောက်မှုကိုလည်း အထူးကြိုစားဆောင်ရွက်ရန်လိုအပ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ စားသောက်ကုန် ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ထန်းသကြား ထုတ်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ ပြီးနောက် ပြသထားသည့် စားသောက်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)