တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီ ဒီဇင်ဘာလ ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦး ရေစာရင်းများရရှိရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်၌ (လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်း(၇)ဦးတို့က ဆင်ခြေဖုန်းကျေးရွာ အုပ်စုအတွင်း မှီတင်းနေထိုင်ကြသောမိဘပြည်သူများအား လယ်တောင်ယာရွာ ဇေယျာသုခ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ (အခမဲ့)ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးကြောင်း သိရှိရသည်။

ရှေးဦးစွာ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က ကျေးလက်နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးနေမှုဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို (အခမဲ့)ဖြန့်ဝေပေးကြသည်။

ယင်းသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိရွာမှာ အမြဲ တမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ လက်ရှိဇာတိရွာမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း(မရှိ)၊ ကိုင်ဆောင် လက်မှတ်(မရှိ)သူများအား ဆောင်ရွက်ပေးခြင်း၊ အခြားအရပ်ဒေသမှ ရွှေ့ပြောင်းနေထိုင်လာပြီး အိမ်ထောင်စု လူဦးရေစာရင်း(မရှိ)သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်(မရှိ)သေးသူများအား ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်(၄)မျိုးဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုး လူတိုင်းရရှိရေးအတွက် ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ(၃)ရက်အကြာ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း (လဝက)မှူးဦးတင့်နိုင် ထံက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)