ပေါက်ခေါင်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခု (၆) လ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျွဲပေါင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေထုတ်ချေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများအား စနစ် တကျ ထုတ်ချေးပေးခဲ့ကြသည်။
အဆိုပါကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူများအတွက် စုစုပေါင်း စီမံကိန်း ရန်ပုံငွေကျပ် (၃၀၀) သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)