ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘားအံ ဒီဇင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ၏စနစ်မှာ စီမံကိန်း လုပ်ငန်းများသည် Bottom Up စနစ်ဖြစ်ကြောင်း၊ ယခုရေးဆွဲသည့် စီမံကိန်း လုပ်ငန်းများသည် Bottom Upဖြစ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်း ရည်မှန်းနိုင်ရေး အဆိုပြုချက်များရေးဆွဲ တင်ပြနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုရှိ အမှန်အကယ် လိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ် အလိုက်ပြုစုပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှလည်း မိမိလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်သီတာက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လ အထိ) စီမံကိန်းရည်မှန်းနိုင်ရေး အဆိုပြုရေးဆွဲတင်ပြရာတွင် ဘားအံမြို့နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ဒေသခံပြည်သူများအတွက် အမှန်တကယ်လိုအပ်သော လုပ်ငန်းစီမံကိန်းများကို အဆိုပြုတင်ပြထား ခြင်းဖြစ်ကြောင်း၊ အဆိုပြုလျာထားသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် နိုင်ငံပိုင်အခန်း အဆိုပြုလျာထားသော လုပ်ငန်း စီမံကိန်းများအား အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်းနှင့် ဦးစားပေးအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)