ခင်ဦး ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show အစီ အစဉ်ကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်သစ်တောဦးစီးမှူး ဦးညွှန့်လှိုင်က သစ်တောစိုက်ခင်းများ တည်ထောင်ထားရှိမှုအခြေအနေများ၊ သစ်တောစိုက်ခင်းမှ ပျိုးပင်များ ဖြန့်ဖြူးမှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သစ်တောဦးစီးဌာနမှ သစ်တောများ ထိမ်းသိမ်း စောင့်ရှောက်မှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)