ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေး

ဆင်ပေါင်ဝဲ  ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊( Women Club )အဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်ကလေးစသည့် လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဒေသခံပြည်သူများ အနေဖြင့် စာပေဖတ်ရှုသည အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "ကိုယ့်ကိုယ်ကို ယုံကြည်မှု" စာအုပ်ပါ အကြောင်းအရာများမှ "ပြင်းပြသောဆန္ဒ" ခေါင်းစဉ်ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေး အဖွဲ့မှလည်း ၎င်းတို့၏အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လစဉ်ပြုလုပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)